¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·
အလွမ်းတွေ ရင်ဝယ်ပိုက်ပြီး
မင်းမပါတဲ့ဒီလမ်း ငါလှမ်းလာခဲ့တဲ့အခါ
နှလုံးသားရဲ့ အားငယ်မှုတွေက
အမုန်းများတဲ့ နေ့စွဲတွေကို
ကုန်လွန်စေချင်နေခဲ့တယ်၊
မင်းမရှိတော့တဲ့ငါ့ဘ၀မှာ
အရာရာ မှုန်ဝါးနေတာမို့
လူမသေသေးပေမဲ့
ရောင်စုံအိပ်မက်တွေက
အလိုလို သေနေခဲ့ပြီပေါ့၊
ဒီဆာလောင်မှုတွေကို
မျက်ကွယ်ပြုမိတိုင်း
ပျက်ပြယ်ကာမသွားတဲ့
မင်းအရိပ်တွေက
အငြှိုးအတေးနဲ့များ....
ငါ့အနောက်လိုက်နေလေသလား
မေ့ပျောက်ဖို့အင်အားတွေမရှိ ခဲ့၊
အခုတော့...
မလွန်ဆန်နိုင် အလွမ်းနှောင်ကြိုးတွေနဲ့
ရစ်ပတ် ချည်ထားတဲ့
ဒီ အနေဝေးအိပ်မက်တွေကို
ငါကမက်ကောင်းနေတုန်း...။။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
မောင်နေဦး (ဖျာပုံ)နှလုံးသားရဲ့ အားငယ်မှုတွေက
အမုန်းများတဲ့ နေ့စွဲတွေကို
ကုန်လွန်စေချင်နေခဲ့တယ်၊
မင်းမရှိတော့တဲ့ငါ့ဘ၀မှာ
အရာရာ မှုန်ဝါးနေတာမို့
လူမသေသေးပေမဲ့
ရောင်စုံအိပ်မက်တွေက
အလိုလို သေနေခဲ့ပြီပေါ့၊
ဒီဆာလောင်မှုတွေကို
မျက်ကွယ်ပြုမိတိုင်း
ပျက်ပြယ်ကာမသွားတဲ့
မင်းအရိပ်တွေက
အငြှိုးအတေးနဲ့များ....
ငါ့အနောက်လိုက်နေလေသလား
မေ့ပျောက်ဖို့အင်အားတွေမရှိ
အခုတော့...
မလွန်ဆန်နိုင် အလွမ်းနှောင်ကြိုးတွေနဲ့
ရစ်ပတ် ချည်ထားတဲ့
ဒီ အနေဝေးအိပ်မက်တွေကို
ငါကမက်ကောင်းနေတုန်း...။။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
3-1-2015/Saturday
9:36 PM

No comments:
Post a Comment