Thursday, January 15, 2015

အဝေးတစ်မြေမှ သားချစ်မေဆီ

အဝေးတစ်မြေမှ သားချစ်မေဆီ...

ပြာသိုလပြည့် အမေနေ့၌
အမေ့ကိုမြင် စိတ်ကထင်သော်
အဝေးကိုရောက် သားတစ်ယောက်မှာ
မှန်းဆ တမ်းတ သတိရ၏၊

တစ်မြေဆီဝေး ရပ်တစ်ကျေးမှာ
ဘ၀ရှေ့ရေး သားမျှော်တွေး၍
ပညာတွေသင် စာတွေမြင်လဲ
မွေးမေကိုတော့ မမေ့ပါပေ၊

ပြာသိုလပြည့် အမေနေ့မှာ
ပြည့်၍ ၀န်းလာ လစန္ဒာကို
ရှု၍မဆုံး ကြည့်နေတုန်းတွင်
မွေးမေအရိပ် ထင်လာ၏၊

အမေ့ရင်ခွင် ခိုဝင်ချင်၍
တစ်နေ့မှာပေါ့ လာရစ်တော့မည်
ဝေးသမိခင် ကျေးဇူးရှင် သည်
ကျန်းမာ ချမ်းသာ ရှိပါစေ.....။။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
အခုလို အေးချမ်းသာယာတဲ့ ပြာသိုလပြည့်ဝန်းရဲ့
အရိပ်အောက်မှာ အကြောင်း အမျိုးမျိုးကြောင့်
အမေနဲ့ခွဲခွာ ဝေးကွာနေခဲ့ရတဲ့ သားသမီးအားလုံး
ကျန်းမာ ရွှင်လှ၍ မွေးမေရဲ့ ဂုဏ်ကျေးဇူးကို
အောက်မေ့နိုင်ကြပါစေ............

မောင်နေဦး(ဖျာပုံ)
၁၃၇၆-ခု ပြာသိုလပြည့် အမေနေ့
4-1-2015. /Sunday

No comments:

Post a Comment