Thursday, January 22, 2015

နှုတ်ဆက်ချိန်


"နှုတ်ဆက်ချိန်"

မုံရွာကို နုံချာတဲ့ခြေလှမ်းတွေနဲ့
ငါလှမ်းလာခဲ့တယ်
မရေရာတဲ့ ဒီဘ၀မှာ
သေချာတာတစ်ခုကတော့
ခွဲခွါရမှာပဲ။
အညာမှာ တမာတွေဝေနေပေမဲ့
ဒီရင်မှာ အကြင်နာတွေ ဆွေနေခဲ့ပေါ့။
မဖြေသာတဲ့ ဒဏ်ရာဟောင်းတွေက
အကြင်နာမဲ့ နံနက်ခင်းတွေကို
မွေးဖွားပေးလိုက်တဲ့အခါ
အတွေးများနဲ့ ချာချာလည်နေတဲ့
နှလုံးသားရဲ့.....
အက်ရှတဲ့ ဂီတသံစဉ်တွေကလည်း
မင်းနားဝင်ကို...
ချိမြိန်စေမှာမဟုတ်။
ကြေကွဲနေတဲ့ ဒီနေ့စွဲတွေကို
ငါဖြတ်လျှောက်ရဦးမယ်...
နေခဲ့ပေဦးတော့
လေသဲ့သဲ့ တိုက်ခက်ရင်တော့
လွမ်းရစ်လေဦးပေါ့။
တမာရဲ့ အငွေ့အသက်တွေကို
အညာရဲ့နေ့ရက်တွေက
ကုစားပေးနိုင်မှာပါ။
အတူထားခဲ့တဲ့ ကတိတွေလည်း
နောင်နှစ်တွေဆက်
တည်နေနိုင်မှာပါ။
အခုလို...
ခွဲခွါခြင်း ကျိန်ဆာအောက်မှာ
သမုဒယ ကျော့ကွင်းမိနေတဲ့
တယုတယ အနမ်းတွေက
တို့နှစ်ယောက်ကို...
တစ်ယောက်နဲ့တစ်ယောက်
မမေ့ပျောက်စေဖို့ အတွက်
လုံလောက်အောင် ဖန်တီးပေးခဲ့ပြီ၊
နှုတ်ဆက်ခဲ့တယ်...
ပြန်တော့မယ်ကွယ်
ရောင်စဉ်တွေ သန်းနေတဲ့
နောင်နှစ်...
ဒီဆောင်း ဒီချိန်ခါမှာ
ကံမကုန်သေးရင်တော့
ပြန်ဆုံဦးမှာပေါ့။ ။

သွားပြီ... ..... သွားပြီ...
နှုတ်ဆက်ခဲ့တယ်ကွယ်....
##############################
အလွမ်းသမားတစ်ယောက်ရဲ့
ကျွမ်းလောင်နေသော နေ့စွဲထက်က
ဆွေးမြေ့နေသော.................
ဝေဒနာ အပိုင်း အစအနများသာ...

မောင်နေဦး(ဖျာပုံ)
22-1-2015.

Monday, January 19, 2015

လွမ်နေဦးမည်

❦ လွမ်းနေဦးမည်....❦
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ယုံကြည်ချက်တွေကို
ဘာလို့နင်းချေချင်ရတာလဲ
ငါဟာ မင်းအတွက်
အပျင်းပြေ လူသားတစ်ယောက်ပဲလား၊
တောက်ပတဲ့ အကြည့်တွေကြားမှာ
နစ်မွန်းနေတဲ့ငါ
အခုတော့....
လှည့်စားတဲ့အပြုံးတွေကြားမှာ
ငုတ်တုတ်မေ့နေခဲ့ရပြီပေါ့၊
ရင်ခုန်သံ တွေ ဆူညံနေတဲ့
အခုလို အလွမ်းသင့် နေ့စွဲတိုင်းကလည်း
ဝေးလွင့်ခဲ့တဲ့ အတိတ်ကာလ တွေကို
အမှုမဲ့သက်သက်
သယ်ဆောင်လာခဲ့လေတယ်၊
မပြေလည်စရာ ချစ်ကံခေသူမို့
ပစ်ရန် မင်ကြိုးစား
နစ်ကျန်ခဲ့တဲ့ ငါ့နှလုံးသား အစုံက
မင်းကို အမြဲတမ်း ပြုံးပြနေမှာပါ၊
မျှော်လင့်ချက်မဲ့ ဒီနံနက်ခင်းတွေထဲမှာ
မေ့ရန် အခါခါ ငါကြိုးစားသော်လည်း
ငါက အတိတ်မမေ့တတ်သေးသူ၊
အေးလေ....
မင်းက လွမ်းတတ်အောင်သင်ပေးပြီး
မေ့တတ်အောင်တော့သင်မပြခဲ့တာမို့
ဆွေးလျှက်နဲ့ပဲ ငါလွမ်းနေဦးမှာပါ......။။

Mg Nay Oo (phyarpon)

Thursday, January 15, 2015

မြင့်မိုရ်ထက်က လူ.......


✏ ✏ မြင့်မိုရ်ထက်က လူ...✏ ✏
❆ ❀ ❆ ❀ ❆ ❀ ❆ ❀ ❆ ❀ ❆
တုနှိုင်းမဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
ရှုတိုင်းလှနေတဲ့ အမေ့မျက်နှာဟာ
သားသမီးတို့ အတွက်တော့

အပူမသိုင်းတဲ့ နှင်းငွေတောင် ပမာပါ၊
သားသမီးတို့ အတွက်.....
ပေးဆပ်ခြင်း တံခါးကိုထာဝရဖွင့်
ကြမ်းတမ်းတဲ့ လောကအလယ်
အမုန်းမပွားဘဲ အပြုံးနဲ့သာ
လျှောက်လှမ်းခဲ့တဲ့ အ မေ့ရဲ့ ခြေထောက်တွေ
သင်္ခါရတရားရဲ့ နှိပ်စက်မှုတွေအောက်
ဇရာလဲထောင်းခဲ့ပြီဆိုတော့
ယိုင်နဲ့နဲ့ ဖြစ်လာပြီမဟုတ်လား၊
"အို..အေ..အို..တေးကိုငြီးလ
ို့
လူကလေးရယ် အိပ်ပါကွယ်"နဲ့
သားချော့တေးကို အမေဆို
ကြိုးကိုင် ကာ သိပ်ခဲ့တဲ့...
ပုခက်တို့ရဲ့ သခင်..
ုပုခက်တို့ရဲ့ အရှင်..
အမေ့လက်တွေ...
အားပျော့နေခဲ့ပြီမဟုတ်လား၊
ဆိတ်သုဉ်းနေတဲ့ ရယူမှုတွေနဲ့
မျှော်လင့်ခြင်း တွေ ချုပ်တည်း
သားသမီးတွေအတွက် ဆိုရင်...
ဘ၀ကိုပံုအပ္လို့ ပေးခဲ့တာ
မျက် ရည် စတွေ မြေမှာခတဲ့အထိ၊
သြော်....
ပေးဆပ်ခြင်း ခေါင်းစဉ်အောက်မှာ
လူဖြစ်လာခဲ့သူဆိုတော့
လူတွေထဲက လူဆိုပေမဲ့လည်း
သူက.........
"မြင့်မိုရ်ထက်က လူ...." ။။

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
(အမေနေ့မှာ ကမ္ဘာပေါ်ရှိ အမေများအားလုံး
ကျန်းမာ ချမ်းသာ ပျော်ရွှင်ပါစေလို့
ဆုတောင်မေတ္တာပို့သလျက်.....
......)
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
မောင်နေဦး(ဖျာပုံ)
4-1-2015
12:54/ AM
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿

အနေဝေး အိပ်မက်



♬♬ အနဝေးအိပ်မက်♬♬
¸¸♬·¯·♩¸¸♪·¯·♫¸¸¸¸♬·

အလွမ်းတွေ ရင်ဝယ်ပိုက်ပြီး
မင်းမပါတဲ့ဒီလမ်း ငါလှမ်းလာခဲ့တဲ့အခါ
နှလုံးသားရဲ့ အားငယ်မှုတွေက
အမုန်းများတဲ့ နေ့စွဲတွေကို
ကုန်လွန်စေချင်နေခဲ့တယ်၊
မင်းမရှိတော့တဲ့ငါ့ဘ၀မှာ
အရာရာ မှုန်ဝါးနေတာမို့
လူမသေသေးပေမဲ့
ရောင်စုံအိပ်မက်တွေက
အလိုလို သေနေခဲ့ပြီပေါ့၊
ဒီဆာလောင်မှုတွေကို
မျက်ကွယ်ပြုမိတိုင်း
ပျက်ပြယ်ကာမသွားတဲ့
မင်းအရိပ်တွေက
အငြှိုးအတေးနဲ့များ....
ငါ့အနောက်လိုက်နေလေသလား
မေ့ပျောက်ဖို့အင်အားတွေမရှိခဲ့၊
အခုတော့...
မလွန်ဆန်နိုင် အလွမ်းနှောင်ကြိုးတွေနဲ့
ရစ်ပတ် ချည်ထားတဲ့
ဒီ အနေဝေးအိပ်မက်တွေကို
ငါကမက်ကောင်းနေတုန်း...။။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ 
မောင်နေဦး (ဖျာပုံ)
3-1-2015/Saturday
9:36 PM


အဝေးတစ်မြေမှ သားချစ်မေဆီ

အဝေးတစ်မြေမှ သားချစ်မေဆီ...

ပြာသိုလပြည့် အမေနေ့၌
အမေ့ကိုမြင် စိတ်ကထင်သော်
အဝေးကိုရောက် သားတစ်ယောက်မှာ
မှန်းဆ တမ်းတ သတိရ၏၊

တစ်မြေဆီဝေး ရပ်တစ်ကျေးမှာ
ဘ၀ရှေ့ရေး သားမျှော်တွေး၍
ပညာတွေသင် စာတွေမြင်လဲ
မွေးမေကိုတော့ မမေ့ပါပေ၊

ပြာသိုလပြည့် အမေနေ့မှာ
ပြည့်၍ ၀န်းလာ လစန္ဒာကို
ရှု၍မဆုံး ကြည့်နေတုန်းတွင်
မွေးမေအရိပ် ထင်လာ၏၊

အမေ့ရင်ခွင် ခိုဝင်ချင်၍
တစ်နေ့မှာပေါ့ လာရစ်တော့မည်
ဝေးသမိခင် ကျေးဇူးရှင် သည်
ကျန်းမာ ချမ်းသာ ရှိပါစေ.....။။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
အခုလို အေးချမ်းသာယာတဲ့ ပြာသိုလပြည့်ဝန်းရဲ့
အရိပ်အောက်မှာ အကြောင်း အမျိုးမျိုးကြောင့်
အမေနဲ့ခွဲခွာ ဝေးကွာနေခဲ့ရတဲ့ သားသမီးအားလုံး
ကျန်းမာ ရွှင်လှ၍ မွေးမေရဲ့ ဂုဏ်ကျေးဇူးကို
အောက်မေ့နိုင်ကြပါစေ............

မောင်နေဦး(ဖျာပုံ)
၁၃၇၆-ခု ပြာသိုလပြည့် အမေနေ့
4-1-2015. /Sunday

Wednesday, January 14, 2015

အိပ်ပျက်ညတွေ များပြီကွယ်

❦ အိပ် ပျက် ည တွေ များပြီကွယ် ❦
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
အိပ်မရဘူး ဖြစ်နေတယ်
သိပ်မရတဲ့ ဒီအလွမ်းတွေနဲ့
နှလုံးသားရဲ့ ငိုရှိုက်သံတွေက
ရင်တစ်ခုလုံးကို အပူတွေဖုံးလွှမ်းစေခဲ့တာ၊
ဘာ့ကြောင့် မင်းအကြောင်းတွေကိုမှ
ငါကကောက်သီဖြစ်နေမှန်းမသိ
ည သန်းခေါင်ယံ ရဲ့ အလယ်မှာ
အတိတ် စာမျက်နှာတွေကို
တစ်ရွက်ချင်းစီ လှန်ကြည့်နေခဲ့တာ
ဘယ်လိုမှ မပြီးဆုံးနိုင်ခဲ့ဘူး၊
ဒီလို ညတွေ ညတွေ က
ငါ့ကို နှိပ်စက်တာများလားတော့
အိပ်ပျက်ည ညဥ့်နက် ဆိုးဆိုးတွေက
မဖိတ်ခေါ်ဘဲ ၀င်ရောက်လာပေါ့၊
ဘုရားကြီး နာရီစင်ရဲ့
အချက်ပေးသံများဟာ
ငါ့ကို အိပ်ချိန်တန်ပြီလို့ပြောနေပေမဲ့
နှလုံးသားရဲ့ စေရာ ကိုလိုက်လျှောခဲ့တာ
နာရီ တွေကိုတောင်
မြန်လွန်းတယ် လို့ထင်နေမိတယ်၊
ှချစ်သူရယ်.....
ချစ်လျက်နဲ့ ဝေးခဲ့ရတော့
မေ့ပျောက်နိုင်ဖို့ စွမ်းအားလဲငါ့မှာမရှိခဲ့ဘူးလေ၊
မန္တလာမှါ အခု လသာနေပေမယ့်..
အမှောင်ကျနေတဲ့
နေရာတစ်ခုကို ပြပါဆိုရင်
ငါ့ရင်ဘက်ကို ပြရမှာဘ၊ဲ
တကယ့်တော့ ငါ့ဘ၀ဟာ
အလင်းသွင်း ခံထားရပေမဲ့
မင်းချစ်စိတ်တွေနဲ့ ဖြိုခွင်းခံလိုက်ရတဲ့အခါ
အမှောင် ကျကျသွားခဲ့တာပါ၊
အခုတော့.......
အဲ့ဒီ ဒဏ်ချက်တွေရဲ့ ရလာဘ်က
နေ့ရက်တိုင်း နေ့ရက်တိုင်းဟာ
အိပ်ပျက်ညတွေသာ
ဖြစ်နေပြီပေါ့ကွယ်.........။။။
◦.¸¸. ◦✿◦.¸¸. ◦✿◦.¸¸. ◦✿

မောင်နေဦး (ဖျာပုံ)
31-12-2014/12:26 AM